Shivaay (2016) မြန်မာစာတန်းထို
Unicode
Shivaay (2016) မြန်မာစာတန်းထိုး
အိန္ဒိယ နိုင်ငံမှာ ဝင်ငွေစံချိန်တင်ခဲ့ပြီး IMDb rating 6.6 ထိရရှိထားတဲ့ သည်းထိပ်ရင်ဖိုဒရာမာကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
တောင်တက်လမ်းပြအဖြစ် တစ်ဘဝလုံး နှစ်မြုပ်ထားတဲ့ ရှီဗား …သူ့ဘဝကတောင်တက်သမားတွေကိုလမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြု ပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် …
တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကိုတောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါ က တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကိုအချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်…
ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့်ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် …
ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှမိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ်
တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီးသမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်..
တောင်တက်သမားကြီးဟာ ပတ်စပို့ဟာသမီးဖြစ်သူနဲ့အတူတူပါသွားတဲ့ အတွက် ကလေးသခိုးအဖြစ်ယိုးစွပ်ခံရပြီးအမှုရင်ဆိုင်ရပါတော့တယ်..အဲ့ဒီမှာ သံရုံးကိုလည်းအားကိုးလို့မရ ဘူဂေးရီးယားရဲကိုလည်းအားကိုးလို့မရ ဖြစ်လာတဲ့အခါမှာတော့ တောင်တက်သမားကြီးဟာသူ့သမီးလေးအတွက် ဘယ်လိုဆက်လှုပ်ရှားမလဲ …
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ယူပြီးရောင်းတဲ့ ပြန်ပေးဆွဲဂိုဏ်းရယ် ..သံသယတရားခံဖြစ်နေတဲ့ရဲတွေကြားဘယ်လိုရင်ဆိုင်မလဲ ဆိုတာတော့ပရိတ်သတ်ကြီး ဆက်လက်ကြည့်လိုက်ပါဦး……။
မင်းသားကြီးAjay Devgn ကိုတော့ အားလုံးသိပြီးသားနေမှာပါ ..ရုပ်ကြမ်းကြီးနဲ့ သရုပ်ဆောင် အရမ်းကောင်းတဲ့သူပါ..အခုကားက သူကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့အပြင် ပါဝင်အားဖြည့်ထားတဲ့ကလေးသရုပ်ဆောင် ရဲ့ သရုပ်ဆောင်ပိုင်နိုင်ချက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားလို့ပဲပြောလိုက်ပါရစေတော့ဗျာ ။
နောက်တစ်ခုက နှင်းတွေဖွေးဖွေးနဲ့ တောင်တွေရဲ့ အလှရိုက်ကွင်းတွေက ခန်းနားလွန်းပါတယ် သီချင်းတွေဆိုရင်လည်း cutting လုပ်ပြီး သိမ်းတောင်ထားသင့်ပါတယ် ။စကားမစပ် …ဘူဂေးရီးယားသူလေး အဖြစ်သရုပ်ဆောင်တဲ့ ပိုလန်သူ ခေးလေး Erika Kaar ကိုလဲ သဘောတွေ့ဖို့ရှိနေကြောင်းပါ။
👇👇👇👇👇👇👇👇
https://m.facebook.com/story.php?story_fbid=220790959331134&id=111346826942215
File size...1.13GB
File size ...megaup link
👇👇👇👇👇👇👇
File size...1.13GB
File size...megaup link
Zawgyi
MKV Link (ဒေါင်းနည်း)
👇👇👇👇👇👇👇👇
https://m.facebook.com/story.php?story_fbid=220790959331134&id=111346826942215
File size...1.13GB
ဇာတ်ကားကိုဒီမှာဒေါင်းပါ 👇 https://mkvlinks.xyz/GeFrwtV
File size ...megaup link
ဇာတ်ကားကိုဒီမှာဒေါင်းပါ 👇 https://mkvlinks.xyz/GeFrwtV
Bc.vc Link (ဒေါင်းနည်း)
👇👇👇👇👇👇👇
File size...1.13GB
ဇာတ်ကားကို ဒီမှာဒေါင်းပါ 👇 http://bc.vc/rIR5X8m
File size...megaup link
ဇာတ်ကားကိုဒီမှာဒေါင်းပါ 👇http://bc.vc/rIR5X8m
Comments
Post a Comment