The Chronicles of Narnia: The Lion, the Witch, and the Wardrobe ( 2005 ) - မြန်မာစာတန်းထို











Unicode

The Chronicles of Narnia: The Lion, the Witch, and the Wardrobe ( 2005 ) - မြန်မာစာတန်းထိုး
*************************************************************



Narnia ဆိုတဲ့ ထူးခြားဆန်းကြယ်တဲ့ မှော်ကမ်ဘာလေးမှ ကြိုဆိုလိုက်ပါတယ်...  Narnia ဇာတ်ကားတွေနဲ့အတူ ငယ်ဘဝက အမှတ်တရ ပုံရိပ်တွေဆီကို တခေါက်လောက် အလည်ပြန်သွားကြလိုက်ရအောင်...
ငယ်ငယ်က Narnia ဇာတ်ကားများကို ကြည့်ပြီး ဗီရိုထဲ ဝင်လိုက်ရင် ထူးခြားဆန်းကြယ်တဲ့ မှော်ကမ်ဘာတစ်ခုကို ရောက်သွားမယ်လို့ စိတ်ကူးယဉ်ကြည့်ခဲ့ဖူးပါသလား? ထိုစိတ်ကူးနဲ့အတူ လက်တွေ့မှာရော အိမ်က ဗီရိုလေးထဲ ဝင်ကြည့်ခဲ့ဖူးပါလား? တော်တော်များများတော့ လူမှန်းမသိတတ်ခင် အရွယ်လောက်မှာ စမ်းသပ်ကြည့်ခဲ့ဖူးကြမှာပေါ့နော်...
Narnia ဇာတ်ကားများဟာ ကမ်ဘာကျော် British စာရေးဆရာကြီး C.S. Lewis ရေးသားခဲ့တဲ့ စိတ်ကူးယဉ်စာပေအမျိုးအစားတစ်ခုဖြစ်ပါတယ်...  စာအုပ်အနေနဲ့ စုစုပေါင်း ၇ အုပ် ထွက်ရှိထားပြီးတော့ ရုပ်ရှင်အနေနဲ့ကတော့ ၃ ကား ထွက်ရှိထားပါတယ်...  Narnia စာအုပ်များဟာ နာမည်ကြီး The Lord of the Rings စာအုပ်များနှင့်အတူ ခေတ်ပြိုင် ကျော်ကြားခဲ့ပါသေးတယ်...
ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ The Chronicles of Narnia ဇာတ်ကားတွေထဲမှ 2005 ခုနှစ်မှာ ပထမဆုံး ထွက်ရှိခဲ့တဲ့ Narnia ဆိုပြီး လူသိများလာစေတဲ့ The Lion, the Witch, and the Wardrobe လို့ အမည်ရတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်...
ဇာတ်လမ်းအကျဉ်းမှာတော့ - ဒုတိယကမ်ဘာစစ်ကာလအတွင်း The Blitz စစ်ပွဲကြောင့် အင်္ဂလိပ် နှင့် ဂျာမန်တို့ ချနေစဉ် Finchley ဆိုတဲ့ မြို့ငယ်လေးမှ Peter, Edmund, Susan နှင့် Lucy လို့ ခေါ်တဲ့ British လူမျိုး Pevensie ခလေး ၄ ယောက်ဟာ စစ်ပွဲကို တိမ်းရှောင်ရန်အတွက် ပရော်ဖက်ဆာ Digory Kirke ဆီကို သွားရောက်ခဲ့ရပါတယ်...
ပရော်ဖက်ဆာ ဟာ ကလေးတွေနဲ့ နေသားမကျတာကြောင့် သူ့ရဲ့ အိမ်အစေ Mrs. Macready ဟာ သူတို့လေးယောက်အား အိမ်ထဲမှာ လျှောက်ပြေးမကစားဖို့, အော်ကျယ်အော်ကျယ် မလုပ်ဖို့ စသဖြင့် စည်းကမ်းချက်များ ထုတ်ထားပါသော်လည်း ကလေးသဘာဝ သူတို့လေးယောက် အိမ်ကြီးအတွင်းမှာ တူတူပုန်းတမ်း ကစားကြရင်း အငယ်ဆုံး ကောင်မလေးဖြစ်တဲ့ Lucy ဟာ ဗီရိုတခုထဲသို့ ဝင်ပုန်းရင်း Narnia လို့ အမည်ရတဲ့ မှော်ကမ်ဘာတစ်ခုကို ရောက်သွားခဲ့ပါတယ်...
အဲ့နောက်မှာတော့ Mr. Tumnus လို့ ခေါ်တဲ့ ဆိတ်တပိုင်းလူတပိုင်း faun တကောင်နဲ့ ဆုံမိပြီး မိတ်ဆွေတွေဖြစ်သွားခဲ့ပါတယ်... အဲ့အချိန်မှာ Narnia ကို Jadis လို့ ခေါ်တဲ့ White Witch က အုပ်စိုးထားစဉ်ကာလပါ... Narnia တစ်ခုကို နှင်းတွေရေခဲတွေနဲ့အတူ အမြဲတမ်း ဆောင်းရာသီအဖြစ် လုပ်ထားပါတယ်... Narnia မှာတော့ တိရစၧာန်လေးတွေဟာ စကားပြောတတ်ပြီး အပင်တွေ ရေတွေက အစ အသက်ရှိပါတယ်...  စကားပြောနိုင် ရွေ့လျားနိုင်ကြပါတယ်...  Narnia မှာ နေထိုင်ကြသူတွေဟာ Adam နဲ့ Eve ရဲ့ သားသမီးများ ရောက်လာလျှင် Jadis ကို တော်လှန်နိုင်ပြီး Narnia တိုင်းပြည်ကြီးဟာ ငြိမ်းချမ်းမှုကို တဖန်ပြန်ရလာမယ်လို့ ​ရှေ့ဖြစ်ဟောကိန်းတစ်ခုကို ယုံကြည်ထားကြပါတယ်...  ဒါ့ကြောင့်မို့ Jadis ဟာ လူသားတစ်ဦးဦး Narnia ထဲကို ရောက်လာပါက သူမဆီကို ဖမ်းဆီးခေါ်ဆောင်ခဲ့ဖို့ အမိန့်ချမှတ်ထားပါတယ်...
Lucy လေးဟာ Mr. Tumnus နှင့် ခင်မင်ရင်းနှီးပြီး ဒီဘက်ကမ်ဘာကို ဗီရိုလေးထဲကနေ ပြန်လာခဲ့ကာ သူ့ရဲ့ အကိုတွေ အမတွေကို ထူးဆန်းတဲ့ Narnia အကြောင်း Mr. Tumnus လို့ခေါ်တဲ့ faun တစ်ကောင်နဲ့ တွေ့ဆုံခဲ့ကြောင်း ပြန်ပြောပြပါသော်လည်း အကိုတွေ အမတွေက Lucy ကို မယုံကြည်ကြပါဘူး...
ဒါပေမဲ့ နောက်တနေ့ အကြောင်းတစ်စုံတစ်ရာကြောင့် ပရော်ဖက်ဆာ Digory Kirke နှင့် သူ့ရဲ့ အိမ်အစေ Mrs. Macready ထံမှ ထွက်ပြေးရင်း မောင်နှမလေးယောက်လုံး ဗီရိုထဲမှာ ပုန်းနေချိန် Narnia ကမ်ဘာထဲသို့ ရောက်သွားခဲ့ကြပါတယ်...
အဲ့လိုနဲ့ မောင်နှမလေးယောက် Narnia ရဲ့ အုပ်စိုးသူ ဘုရင်မဖြစ်တဲ့ Jedis နဲ့ ရင်ဆိုင်တွေ့ကြရသောအခါ ​ရှေ့ဖြစ်ဟောကိန်းကပဲ အမှန်ဖြစ်လာမလား အမှားဖြစ်လာပါ့မလားဆိုတာကိုတော့ The Lion, the Witch and the Wardrobe ဆိုတဲ့ ဇာတ်ကားထဲမှာ ဆက်လက်အဖြေရှာလိုက်ကြရအောင်နော်...
Translator : Ziven
Encoder : Ziven
Quality : Blu-ray 1080p
File Size : 2.64 GB / 1.35 GB
Myanmar Asian TV မှ တင်ဆက်သည် ။
Credit -
လင့်၂လင့်ပေးထားပါတယ်ကြိုက်ရာဝင်ဒေါင်းဒေါင်းနည်းကလင့်ထဲမှာပြထားပါတယ် ။





ဒေါငျးနညျး (GP Link)
https://m.facebook.com/story.php?story_fbid=164425704..
File size...2.64GB
ဇာတျကားကိုဒီမှာဒေါငျးပါ https://gplinks.in/DYah
File size...1.35GB
ဇာတျကားကိုဒီမှာဒေါငျးပါhttps://gplinks.in/myxH1t




File size... 2.64GB
ဇာတ်ကားကိုဒီမှာဒေါင်းပါ https://mkvlinks.xyz/lFjfM
File size ...1.35GB
ဇာတ်ကားကိုဒီမှာဒေါင်းပါ https://mkvlinks.xyz/q0vCW0OG
megaup ဒေါင်းလင့်ဝင်ကြည့်နည်း ဗီဒီယို = https://youtu.be/GslStQDtesc
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ

https://youtu.be/LEOzBUjYxdY
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။

https://youtu.be/U2RBen_tRhI






Zawgyi




*************************************************************
Narnia ဆိုတဲ့ ထူးခြားဆန်းကြယ်တဲ့ မှော်ကမ္ဘာလေးမှ ကြိုဆိုလိုက်ပါတယ်...  Narnia ဇာတ်ကားတွေနဲ့အတူ ငယ်ဘဝက အမှတ်တရ ပုံရိပ်တွေဆီကို တခေါက်လောက် အလည်ပြန်သွားကြလိုက်ရအောင်...
ငယ်ငယ်က Narnia ဇာတ်ကားများကို ကြည့်ပြီး ဗီရိုထဲ ဝင်လိုက်ရင် ထူးခြားဆန်းကြယ်တဲ့ မှော်ကမ္ဘာတစ်ခုကို ရောက်သွားမယ်လို့ စိတ်ကူးယဉ်ကြည့်ခဲ့ဖူးပါသလား? ထိုစိတ်ကူးနဲ့အတူ လက်တွေ့မှာရော အိမ်က ဗီရိုလေးထဲ ဝင်ကြည့်ခဲ့ဖူးပါလား? တော်တော်များများတော့ လူမှန်းမသိတတ်ခင် အရွယ်လောက်မှာ စမ်းသပ်ကြည့်ခဲ့ဖူးကြမှာပေါ့နော်...
Narnia ဇာတ်ကားများဟာ ကမ္ဘာကျော် British စာရေးဆရာကြီး C.S. Lewis ရေးသားခဲ့တဲ့ စိတ်ကူးယဉ်စာပေအမျိုးအစားတစ်ခုဖြစ်ပါတယ်...  စာအုပ်အနေနဲ့ စုစုပေါင်း ၇ အုပ် ထွက်ရှိထားပြီးတော့ ရုပ်ရှင်အနေနဲ့ကတော့ ၃ ကား ထွက်ရှိထားပါတယ်...  Narnia စာအုပ်များဟာ နာမည်ကြီး The Lord of the Rings စာအုပ်များနှင့်အတူ ခေတ်ပြိုင် ကျော်ကြားခဲ့ပါသေးတယ်...
ဇာတ်လမ်းအကျဉ်းမှာတော့ - ဒုတိယကမ္ဘာစစ်ကာလအတွင်း The Blitz စစ်ပွဲကြောင့် အင်္ဂလိပ် နှင့် ဂျာမန်တို့ ချနေစဉ် Finchley ဆိုတဲ့ မြို့ငယ်လေးမှ Peter, Edmund, Susan နှင့် Lucy လို့ ခေါ်တဲ့ British လူမျိုး Pevensie ခလေး ၄ ယောက်ဟာ စစ်ပွဲကို တိမ်းရှောင်ရန်အတွက် ပရော်ဖက်ဆာ Digory Kirke ဆီကို သွားရောက်ခဲ့ရပါတယ်...
ပရော်ဖက်ဆာ ဟာ ကလေးတွေနဲ့ နေသားမကျတာကြောင့် သူ့ရဲ့ အိမ်အစေ Mrs. Macready ဟာ သူတို့လေးယောက်အား အိမ်ထဲမှာ လျှောက်ပြေးမကစားဖို့, အော်ကျယ်အော်ကျယ် မလုပ်ဖို့ စသဖြင့် စည်းကမ်းချက်များ ထုတ်ထားပါသော်လည်း ကလေးသဘာဝ သူတို့လေးယောက် အိမ်ကြီးအတွင်းမှာ တူတူပုန်းတမ်း ကစားကြရင်း အငယ်ဆုံး ကောင်မလေးဖြစ်တဲ့ Lucy ဟာ ဗီရိုတခုထဲသို့ ဝင်ပုန်းရင်း Narnia လို့ အမည်ရတဲ့ မှော်ကမ္ဘာတစ်ခုကို ရောက်သွားခဲ့ပါတယ်...
အဲ့နောက်မှာတော့ Mr. Tumnus လို့ ခေါ်တဲ့ ဆိတ်တပိုင်းလူတပိုင်း faun တကောင်နဲ့ ဆုံမိပြီး မိတ်ဆွေတွေဖြစ်သွားခဲ့ပါတယ်... အဲ့အချိန်မှာ Narnia ကို Jadis လို့ ခေါ်တဲ့ White Witch က အုပ်စိုးထားစဉ်ကာလပါ... Narnia တစ်ခုကို နှင်းတွေရေခဲတွေနဲ့အတူ အမြဲတမ်း ဆောင်းရာသီအဖြစ် လုပ်ထားပါတယ်... Narnia မှာတော့ တိရစ္ဆာန်လေးတွေဟာ စကားပြောတတ်ပြီး အပင်တွေ ရေတွေက အစ အသက်ရှိပါတယ်...  စကားပြောနိုင် ရွေ့လျားနိုင်ကြပါတယ်...  Narnia မှာ နေထိုင်ကြသူတွေဟာ Adam နဲ့ Eve ရဲ့ သားသမီးများ ရောက်လာလျှင် Jadis ကို တော်လှန်နိုင်ပြီး Narnia တိုင်းပြည်ကြီးဟာ ငြိမ်းချမ်းမှုကို တဖန်ပြန်ရလာမယ်လို့ ​ရှေ့ဖြစ်ဟောကိန်းတစ်ခုကို ယုံကြည်ထားကြပါတယ်...  ဒါ့ကြောင့်မို့ Jadis ဟာ လူသားတစ်ဦးဦး Narnia ထဲကို ရောက်လာပါက သူမဆီကို ဖမ်းဆီးခေါ်ဆောင်ခဲ့ဖို့ အမိန့်ချမှတ်ထားပါတယ်...
Lucy လေးဟာ Mr. Tumnus နှင့် ခင်မင်ရင်းနှီးပြီး ဒီဘက်ကမ္ဘာကို ဗီရိုလေးထဲကနေ ပြန်လာခဲ့ကာ သူ့ရဲ့ အကိုတွေ အမတွေကို ထူးဆန်းတဲ့ Narnia အကြောင်း Mr. Tumnus လို့ခေါ်တဲ့ faun တစ်ကောင်နဲ့ တွေ့ဆုံခဲ့ကြောင်း ပြန်ပြောပြပါသော်လည်း အကိုတွေ အမတွေက Lucy ကို မယုံကြည်ကြပါဘူး...
ဒါပေမဲ့ နောက်တနေ့ အကြောင်းတစ်စုံတစ်ရာကြောင့် ပရော်ဖက်ဆာ Digory Kirke နှင့် သူ့ရဲ့ အိမ်အစေ Mrs. Macready ထံမှ ထွက်ပြေးရင်း မောင်နှမလေးယောက်လုံး ဗီရိုထဲမှာ ပုန်းနေချိန် Narnia ကမ္ဘာထဲသို့ ရောက်သွားခဲ့ကြပါတယ်...
Translator : Ziven
Encoder : Ziven
Quality : Blu-ray 1080p
File Size : 2.64 GB / 1.35 GB
Credit -





ဒေါင်းနည်း (GP Link)
https://m.facebook.com/story.php?story_fbid=164425704..
File size...2.64GB
ဇာတ်ကားကိုဒီမှာဒေါင်းပါ https://gplinks.in/DYah
File size...1.35GB
ဇာတ်ကားကိုဒီမှာဒေါင်းပါhttps://gplinks.in/myxH1t




File size... 2.64GB
File size ...1.35GB



Comments

Popular Posts