Minnal Murali (2021)
Unicode Minnal Murali (2021) Minnal Murali (2021)Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုးနေတဲ့နောက် ဒီတစ်ခါမှာတော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို အရသာတစ်မျိုး အပြောင်းအလဲဖြစ်သွားအောင် တင်ဆက်ပေးလိုက်ပါတယ်၊Kurukhanmoola ရွာသား Jaison ဟာ ငယ်စဉ်ကတည်းက မိတဆိုးဖြစ်ခဲ့ပြီး ဖခင်အပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊ ဒါပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားတဲ့နောက် ကံဆိုးသူမောင်ရှင်လေး Jaisonအနေနဲ့ အရွယ်ရောက်တဲ့အထိ ကံဆိုးမှုတွေက အဆုံးမသတ်ခဲ့သူပါ၊ အမေရိကန်သွားပြီး ချမ်းသာအောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မအောင်မြင်သလို ချစ်ရတဲ့သူကလည်း စေ့စပ်ထားပြီးသားသူ ဖြစ်နေမှန်း မတော်လိုက်ရတဲ့ ယောက္ခမကပြောမှ သိရတဲ့သူပါ၊မောင်ရှင်တောင် Jaisonလောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရအောင်ပဲ ဇာတ်လိုက်ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါသေးတယ်၊ ဒါပေမဲ့ သန်းခေါင်ထက် ညမနက်တော့သလို သူရဲ့ကံဆိုးမှုတွေက ကြေသွားပုံရပါတယ်၊ သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်နေလို့ သာမန်လူတွ...